မြန်မာ ePub တစ်ခု ဖန်တီးခြင်း
Digital စာအုပ်လောကမှာ PDF (Portable Document Format) တွေကို eBook တွေအနေနဲ့  တော်တော်များများက ရင်းနှီးကြပြီးသား ဖြစ်ပါလိမ့်မယ်။ Apple ရဲ့  App တစ်ခု ဖြစ်တဲ့ "iBooks" ထွက်လာပြီးနောက်ပိုင်းမှာ eBooks တွေကို ePub အနေနဲ့  Store မှာ တင်ရောင်းတာတွေ Free ပေးတာတွေကို တွေ့ ရှိလာခဲ့ပါတယ်။
ePub ဆိုတာ ဘယ်လိုမျိုးလည်းလို့  မြည်းစမ်းကြည့်မိတော့ ပထမဦးဆုံး စာအုပ်တစ်အုပ်လို စာရွက်လှန်ဖတ်လို့ ရတာလေးကို တော်တော် သဘောကျသွားတယ်၊ နောက်တစ်ခုက English စာအုပ်တွေမှာ ကိုယ်မသိတာလေးကို ရွေးပြီး "Define" ဆိုတာနဲ့  အဘိဓါန်ဖွင့်ပြတော့ စာဖတ်ရတာ အလွန်စာသွားပါတယ်။ PDF နဲ့  အဓိက ကွာခြားမှုကတော့......
ကန့် လန့် ဖတ်ဖတ်၊ ဒေါင်လိုက် ဖတ်ဖတ် Font ကို အဆင်ပြေပြေ (Text flow) အနေနဲ့  ဖော်ပြပေးနိုင်တဲ့ အတွက် အလွန် သက်တောင့်သက်သာ ရှိလှပါတယ်။
PDF ဖတ်စဉ်ကတော့ screen ကို ချုံ့ လိုက် ချဲ့ လိုက်နဲ့  ဖတ်ရတာ အလုပ်ရှုပ်လှပါတယ်။ ဒီတော့ မြန်မာစာအုပ်လေးတွေကိုလည်း ePub နဲ့  ဖတ်ချင်စိတ် ဖြစ်လာပါတော့တယ် သို့ ပေမယ့် ယနေ့ ထိ Online မှာ ရှိတဲ့ မြန်မာ စာအုပ်တွေက PDF တွေသာ များနေခဲ့ပါတယ်....
ဒီအခါမှာ ကျွန်တော် နှစ်သက်တဲ့ PDF လေးတွေကို ePub အဖြစ် ပြန်ပြောင်းကြည့်ချင်စိတ် ဖြစ်ပေါ်ခဲ့ပါတယ်။ ePub converter (Calibre အကြိုက်ဆုံးပါ) တွေ အစုံသုံးပြီး မြန်မာ ePub အဖြစ် ပြောင်းလဲခဲ့ပေမယ့် မြန်မာစာဖောင့် မသွင်းထားတဲ့ Device တွေမှာ လေးဒေါင့် အတုံးတွေ အဖြစ်သာမြင်တွေ့ ရလို့  စာဖတ်မရလို့  လက်လျှော့လိုက်ရပါတော့တယ်။
နောက်သိပ်မကြာခင်မှာပဲ ကိုစေတန် က ဦးသန့် ရဲ့  "ကျောင်းတွင်း ဒီမိုကရေစီ" စာအုပ်ကို ePub အဖြစ်နဲ့  ပြန်လည် တင်ပေးလိုက်တဲ့ အတွက် ကိုစေတန် တစ်ယောက်တော့ ePub မှာ မြန်မာဖောင့် အလုပ်လုပ်အောင် ဖန်တီးပေးလိုက်ပြီဆိုတာ သိလိုက်ပြီ.......
"ကိုစေတန်" ရဲ့  နည်းနဲ့  ကျွန်တော် မြန်မာ ePub အချို့  ပြန်လည်ရေးသားခဲ့ပြီး ဤနေရာတွင် Download ရယူနိုင်ပါတယ်။ ကျွန်တော်က မြန်မာ ePub အဖြစ်တင်ပေးလိုက်တဲ့ အခါမှာ တော်တော်များများက ePub ပြောင်းလဲနည်းကို မေးမြန်းခဲ့ကြပါတယ်၊ ကျွန်တော်ကလည်း "ကိုစေတန်" ရဲ့  Original post ကိုသာ တိုက်ရိုက် ညွှန်းဆိုပေးခဲ့ပါတယ်။
ဒီအခါမှာ အချို့ တွေရဲ့  Reply က "ကိုစေတန်" ရေးတာ မြင့်နေလို့  နားမလည်ဘူး ဆိုတဲ့ အသံတွေ ပြန်ကြားသိရပါတယ်။ Developer တစ်ယောက်အနေနဲ့  "ကိုစေတန်" တစ်ယောက် အများနားလည်အောင် တော်တော်ကြိုးကြိုးစားစား ရှင်းပြပေးထားတယ်လို့  ကျွန်တော်တော့ ခံစားမိပါတယ်။
တော်တော်ကြာခဲ့ပါပြီ ကျွန်တော် အချိန်မရတာနဲ့  ePub အကြောင်းကို လုံးဝ မရေးဖြစ်ခဲ့တာ....
မြန်မာ ePub စာအုပ်တစ်အုပ် ဘယ်လို ဖန်တီးမလဲ ဆိုတဲ့ အကြောင်းအရာက "ကိုစေတန်" ရေးသားရှင်းပြထားတာကို ကျွန်တော်က ထပ်မံအသေးစိပ် ရှင်းပြပေးမှာဖြစ်လို့  ဤနေရာတွင် "ကိုစေတန်" ရေးထားပေးခဲ့သော မူရင်းဆောင်းပါးကို ဤနေရာတွင် ဦးစွာ သွားရောက် ဖတ်ရှု့ စေလိုပါတယ်။ အနည်းငယ် အခက်ခဲ ရှိမှသာ ကျွန်တော် ထပ်ဆင့် ရှင်းပြပေးထားတာကို ဆက်လက်ဖတ်ရှုပါ.....
"ကိုစေတန်" video နဲ့  တစ်ကွ ဒီလို ရှင်းပေးထားပါတယ်
မြန်မာ ePub တစ်ခု ဖန်တီးခြင်း
- အတွက် အောက်ပါ အဆင့် နှစ်ဆင့် လိုအပ်ပါသည်...
၁) စာသားများကို Microsoft Word (သို့ ) Adobe Indesign ကဲ့သို့ သော applications များတွင် ရေးသားပြီး ePub အဖြစ် အသင့်ပြောင်းလဲထားခြင်း။
၂) ePub ဖြစ်နှင့်ပြီးသား file ကို မြန်မာစာဖောင့် မသွင်းထားသော မည်သည့် Device တွင်မဆို ဖတ်ရှုနိုင်ရန် Myanmar Font generate ပြုလုပ်၍ Final ePub ထုတ်ခြင်း။
နံပါတ် (၁) အချက် ပြည့်စုံရန် မိမိမှာ Microsoft Word, Adobe Indesign background knowledge ရှိထားရန် လိုအပ်ပါတယ်။ Microsoft Word နှင့် ပြုလုပ်နိုင်ရန် အကြမ်းဖျဉ်း အနည်းငယ် ပြောပြသွားပါမယ်။ InDesign ကတော့ professional publication software ဖြစ်လို့  ပြောပြမယ်ဆိုရင် InDesign သင်တန်းပေးသလို ဖြစ်နေမှာမို့  ချန်လှပ်ခဲ့ပါရစေ...
ဒါပေမယ့် အမြည်းအနေနဲ့  InDesign မှာ ပြုလုပ်မယ်ဆိုရင် ePub format ကို တိုက်ရိုက် export လုပ်နိုင်တဲ့ အပြင် Table Of Contents တွေကိုပါ ထည့်သွင်းပေးထားနိုင်ပါတယ်၊ Graphic တွေ flow မဖြစ်အောင်၊ Text တွေရဲ့  အဆုံး/အစ တွေကို ထိန်းသိမ်းပေးနိုင်ပါလိမ့်မယ်။
>> Download epubgen-0.5.0.jar
>> Download Java (java မရှိသူများ install လုပ်ရန်)
အဆင့် ၁)
Microsoft Word တွင် မြန်မာဖောင့် နှင့် စာရေးသားပြီး Save လုပ်သောအခါ (.docx) အနေနဲ့  save ပါ။
မှတ်ချက်။ ။ Zawgyi-One font ကို font generator တွင် defult အနေနဲ့  သုံးထား၍ Zawgyi-One font နှင့် ရေးပါက အဆင်ပြေပါလိမ့်မည်။
အခြားဖောင့်များကို သုံးနိုင်ရန် အောက်တွင် သီးခြား ဆက်လက်ဖော်ပြပေးသွားပါမည်။
အဆင့် ၂)
epubgen-0.5.0.jar ကို Run ပါ။ အောက်ပါပုံတွင် ပြထားသည်အတိုင်း .docx file ကို EPUBGen ထဲသို့  Drag & Drop ချလိုက်ပါ။
အဆင့် ၃)
.docx file ကို .epub အဖြစ်ပြောင်းလဲနေပါပြီ၊ ပြီးသွားပါက ရရှိလာသော ePub file ကို .docx file ရှိသော Folder ထဲသို့  ပြန်ဆွဲထည့်လိုက်ပါ။
အခုဆိုရင် ePub ပြောင်းလဲပြီးသွားပါပြီ....
နောက်တစ်ဆင့် အနေနဲ့  မြန်မာဖောင့် ကို Generate လုပ်ဖို့ ဖြစ်ပါတယ်။ "ကိုစေတန်" Python နဲ့  ရေးပေးထားတဲ့ converter ကို download ယူပါ။ ယင်း convert ကို Run ရန် Python ကိုလည်း ရယူပါ။
>> Download Python 3.2.2
>> Download saturngod-MMepub-df4bb79.zip
အဆင့် ၄)
Python 3.2.2 ကို Install လုပ်ပါ။
အဆင့် ၅)
saturngod-MMepub-df4bb79.zip ကို ဖြည်လိုက်ပါက အောက်ပါပုံအတိုင်း Folder နှစ်ခု file (5) ခုကို တွေ့ ရပါလိမ့်မည်။
အဆင့် ၆)
အဆင့် ၃ တွင် ပြုလုပ်ရရှိထားသော .epub file (cover အတွက် .png file) တို့ ကို saturngod-MMepub-df4bb79 Folder ထဲသို့  ထည့်ပြီး "convert.py" file ကို double click လိုက်ပါက မြန်မာဖောင့် generate လုပ်ပြီးသား .epub file တစ်ခု ထပ်မံ ရရှိလာပါလိမ့်မည်။
ယင်း File ကို "output" folder ထဲတွင် တွေ့ ရပါလိမ့်မည်။ ထို File သည်သာလျှင် နောက်ဆုံးပိတ် လုံးဝ ပြီးပြည့်စုံသော ePub file ဖြစ်ပြီး စိတ်ကြိုက်ဖြန့် ဝေနိုင်ပါပြီ။
မှတ်ချက်။ ။ မိမိ၏ ePub စာအုပ်တွင် မျက်နှာဖုံး ကာဗာတပ်လိုပါက ပုံကို (420 x 599) pixel အရွယ်အစား သတ်မှတ်၍ ePub ၏ file name အတိုင်း အတူတူပေးပြီး .png format နဲ့  သိမ်းပါ။ ထို့ နောက် (.epub) နှင့်တစ်ကွ convert လုပ်ပါ။
*************************************************************************
Font ပြောင်းလိုသူများအတွက်
Zawgyi-One မဟုတ်ပဲ အခြား မြန်မာဖောင့် ကို ပြောင်းချင်သူများ ဦးစွာ ပထမ မိမိပြောင်းလိုသော မြန်မာဖောင့်သည် True Type font (.ttf) ဖြစ်ဖို့ လိုပါတယ်၊ မြန်မာဖောင့်တိုင်းဟာ True Type မဟုတ်ကြပါဘူး။
ဒီနေရာမှာ ကျွန်တော် Win Innwa Regular နဲ့  အစားထိုး နမူနာ ပြပေးသွားပါမယ်။
အဆင့် ၁)
saturngod-MMepub-df4bb79 Folder ထဲက "data" folder ကို ဖွင့်လိုက်ရင် "zawgyi.ttf" ကို တွေ့ ရပါလိမ့်မယ်၊ အဲဒီထဲကို "Wininnwa.ttf" ကို ထပ်ထည့်လိုက်ပါ အောက်ပါ ပုံအတိုင်းတွေ့ ရပါလိမ့်မယ်။
အဆင့် ၂)
saturngod-MMepub-df4bb79 Folder ထဲက "convert.py" file ကို right click (Edit with IDLE) လို့  ရွေးပေးလိုက်ပါ။
အဆင့် ၃)
အောက်ပါ ပုံတွင် အနီနှင့် ဝိုင်းထားသော အစိတ်အပိုင်းကို ရှာပြီး
font_family = "Win Innwa Regular"
font_file = "Wininnwa.ttf" ဟု အစားထိုး ပြောင်းပေးလိုက်ပါ အောက်ပါ ပုံအတိုင်း တွေ့ ရမည်။
အခုဆိုရင် Win Innwa Regular နှင့် ရေးထားသော ePub ကို အောင်မြင်စွာ Generate လုပ်နိုင်ပါလိမ့်မယ်။
မှတ်ချက်။ ။ font_family တွင်ပေးထားသော အမည်မှာ မိမိစက်ထဲရှိ ယင်းဖောင့် ၏ အမည်မှန် ဖြစ်ရန်လိုသည်၊ Font folder ထဲတွင် စစ်ဆေးပါ။ အရေးကြီးတာ တစ်ခုက "font_family", "font_file" တို့ တွင် .ttf ဖြစ်ရင်ပြီးရော တန်းစီပြီး သတ်မှတ်ထား၍ မရပါ။ တစ်ကြိမ် convert အတွက် font တစ်မျိုးသာ လက်ခံနိုင်ပါသည်၊ နို့ ပါက "output" တွင် ဘာမှ ထွက်လာမည် မဟုတ်ပေ။
ကျွန်တော် သိသော (.ttf) မြန်မာဖောင့်များ
font_family = "Win Innwa Regular", "Zawgyi-One", "Myanmar3 Regular", "Ayar_pub Regular", "Padauk Regular", "Yunghkio Regular"
font_file = "Wininnwa.ttf" "zawgyi.ttf" "myanmar3_0.ttf" "ayar-pub.ttf" "padauk.ttf" "Yunghkio.ttf"
Credit to : Saturngod
အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်....
ဤဆောင်းပါးလေးကနေ သင့်အတွက် တစ်ခုခု ရလိုက်တယ်ဆိုရင် အောက်မှာ "Like" ဖို့  မမေ့ပါနှင့်
မိုးသိကြား

No comments:
Post a Comment